အချစ်ဟူသည် အဘယ်နည်းဟု ရေရေရာရာမသိတတ်ခဲ့သော အချိန်ကတည်းကပင် ကျွန်မအစ်ကို့ကို သိပ်ချစ်ခဲ့ပါသည်။သိပ်ချစ်ခဲ့သည်...သိပ်ချစ်ခဲ့သည်ဟူသော စကားလုံးမှာ ကျွန်မဘာသာအမည်တပ်ခဲ့သောစကားလုံးပင်။ဟုတ်ပါသည်။ထိုအချိန် ဆယ်ကျော်သက်ဘဝတုန်းက အစ်ကိုသည် ကျွန်မ၏အချစ်ဦး ဖြစ်ခဲ့ပါ၏။ကျွန်မ၏သဘောအရ ဆိုလျှင်တော့ အချစ်ဦးဖြစ်ခဲ့သော အစ်ကိုသာလျှင် ဘဝတစ်လျှောက်လုံး၏ လက်တွဲဖော် အချစ်ဆုံး ဖြစ်စေချင်ခဲ့ပါသည်။သို့သော်...ကျွန်မ၏ချစ်ခြင်းမေတ္တာတွေကို ဖွင့်လှစ်ဖော်ပြတတ်သော အရွယ်သို့ ရောက်လာသောအခါ အစ်ကိုသည် ကျွန်မအနားတွင်မရှိတော့ပါ။ရက်စက်လေသူကို ဘဝတစ်သက်တာလုံး လွမ်းဆွေးကျန်ရစ်ရလောက်တဲ့ အထိ ကျွန်မ မမိုက်မဲခဲ့ပါ အစ်ကို... ထိုကာလများအတွင်း ကျွန်မကို သိပ်ချစ်သော၊ကျွန်မက ချစ်ရသော ယောက်ျားသားတစ်ယောက်သည် ကျွန်မအနားတွင် အဆင်သင့်ရှိနေခဲ့ပါလ