ဖခင်ဖြစ်သူရဲ့ အကြွေးအမြီးကိစ္စနောက် လွတ်လမ်းမရှိအောင် ချုပ်တည်းခံထားရတာက စိတ်ဆန္ဒအပါအဝင်အားလုံးသောအရာဟူသမျှကိုပါ နေအိမ်အပါအဝင်ရှိသမျှသောအရာအားလုံးကို ထိုးအပ်ခဲ့သည်အထိ.တန်ကြေးမမျှသေးတာကြောင့်. အသက်၁၈ဟူသောသတ်မှတ်ချက်မပြည့်မှီ. ခနတာ.အသက်ရှူချောင်ယုံသာရခဲ့တဲ့ဘဝ နေစရာအိမ်အတွက်အခက်ကြုံခဲ့ရတာမို့ မာနတွေသိက္ခာတွေကိုချနင်းပြီး ချစ်ရတဲ့မေမေ့အိမ်ဆိုတဲ့အသိနဲ့. ကိုယ့်အိမ်မှာ.ကိုယ်အစေပါးတယောက်လို. ခခယယအလုပ်တောင်းခဲ့ရတဲ့ဘဝ. ချစ်ခြင်းခင်ခြင်းကြင်နာခြင်းအစုစုကို. စိတ်လိုကျမပြုမူရဲသည်အထိ. ဘဝဝန်ပိုးကကြီးမားလွန်းသည်မို့. ကမ်းချင်သောလက်.လှမ်းချင်သောလက်အား. အကြိမ်ကြိမ်နောက်တွန့်ထားရတဲ့. ပျော်ရွှင်မှုဝေးလံလွန်းတဲ့ဘဝ နေသားကျဖို့ကိုကြိုးစားရင်း ကြိုးစားရင်းနဲ့သာ နှစ်တနှစ်ရဲ့အစ နေ့တနေ့ရဲ့အစကို ကျွန်တော်ခြေ