" ကျောင်းဆရာရဲ့သားသမီးဖြစ်တာနဲ့ပဲ စံပြတစ်ယောက်ပါလိုက်ဖြစ်ပေးရမှာလား..သူများလုပ်သလိုနေသလို နေလို့မရဘူးလား..အဆင့်ကောင်းမှ လိမ္မာရေးခြားရှိမှ ပေါင်းသင်းဆက်ဆံရေးကောင်းမှ ဟိုဟာမလုပ်ရဘူးဒီဟာမလုပ်ရဘူးနဲ့ ဒါတွေပဲထပ်ခါထပ်ခါကြားနေရတာ ကြာတော့ကိုယ့်ဘဝကိုယ်ငြီးငွေ့လာပြီ.." ဒီလိုစကားတွေပြောထွက်လာတဲ့သူက ကိုယ်အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်လာခဲ့တဲ့သူမှဟုတ်ပါသေးရဲ့လား..။ ကိုယ်မသိလိုက်တဲ့အချိန်လေးမှာ ပြောင်းလဲမှုကမြန်လိုက်တာ..။ . " မင်းချစ်လှပါပြီဆိုတဲ့အကောင်မှာ အချစ်နဲ့ပတ်သက်ပြီး နူးညံ့ပါတဲ့ဆိုတဲ့အမှုန်မွှားလေးတောင်မတွေ့ရဘူး.. ဒီလောက်ကြမ်းတမ်းရိုင်းစိုင်းနေတာ.. အဲ့ဒါမင်းပြောတဲ့ မင်းအချစ်လား အဲ့အချစ်အတွက်နဲ့ ကျန်တဲ့သူပေါ်စော်ကားနေတာတွေ ရပ်တန်းကရပ်သင့်ပြီ..အထူးသဖြင့် အဖေပေါ်..ဒီအသက်ရွယ်ထိပြုစုစောင့်ရှောက်ပAll Rights Reserved