ဤ "တိမ်တိုက်တစ်ခုဖြစ်ခဲ့လျှင်"ဝထ္တုရှည်ကိုလည်း မေလ ၁၇နေ့က ကျရောက်ခဲ့တဲ့ IDAHOT Day (International Day Against Homophobia,Transphobia, Biphobia) နေ့ မှာအကြံရပြီး စတင်ရေးသားခဲ့တာပါ။ဒါဟာ နွေဦးရဲ့ ပထမဆုံး ပညာပေးဝတ္ထုရှည်ပါ။အရင်ခေတ်တုန်းက ပတ်ဝန်းကျင်၊မိသားစု၊ဆွေးမျိုးများနှင့်ချစ်ရသူကြောင့် suicided* လုပ်သွားသော "မြူ"ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်း ရေးသားထားတာပါ။ အရင်တုန်းက ပညာပေးဇာတ်လမ်းမျိုး ကျွန်တော်ရေးဖို့ကြိုးစားခဲ့ပေမဲ့ မတွေးနိုင်ခဲ့ပါဘူး။မရေးနိုင်ခဲ့ပါဘူး။အခုတော့ ကျွန်တော်ရဲ့ ဝတ္ထုရှည်လေး အပြီးသတ်နိုင်ခဲ့ပါပြီ။ကျွန်တော်က Professional Writerမဟုတ်တော့ သည်ဝတ္ထုမှာလည်းလိုအပ်ချက်တွေရှိရင် နားလည်ပေးကြပါ။ထောက်ပြပေးကြပါလို့ပဲ ပြောပါရစေ။ဒီဝတ္ထုကိုဖတ်ပြီး lgbt communityနဲ့ပက်သက်ပြီး ဆင်ခြင်စရာ၊တွေးတောစရာ တစ်ခုခုရရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ.....။