ကံကြမ္မာက သိပ်ကို အပြောင်းအလဲ မြန်တယ်ဆိုတဲ့ စကားကို လူတိုင်းလိုလို သက်ပြင်းတချချနဲ့ ပြောတတ်ကြတယ်။ ဒါပေမဲ့ အလင်္ကာကတော့ အဲ့ဒီစကားတွေကို ဘယ်တုန်းကမှ လက်မခံချင်ခဲ့ဘူးလေ။ မထင်ထားတဲ့ တစ်ရက်မှာ နားကြပ်ဘူးကို ခလုတ်တိုက်ပြီး အိပ်ခန်းထဲ မှောက်ရက်လဲကျမသွားခင်အထိ။ မိနစ်ပိုင်းအကြာမှာတော့ သူ့အရှေ့မှာ အစိမ်းရင့်ရောင် မျက်လုံးတွေနဲ့ လူတစ်ယောက်က ထိုင်ပြီးတော့ စိုက်ကြည့်နေခဲ့တယ်။ အဲ့ဒီနောက်မှာ ဆက်ပြီး ကြုံတွေ့ခဲ့ရသမျှကတော့ မယုံကြည်နိုင်စရာပဲ ဆိုတဲ့စကားကတောင် နည်းနည်း ပေါ့သလို ဖြစ်နေဦးမယ်ထင်တယ်။ ဒါပေမဲ့ အခက်အခဲတွေ ကြုံလာတိုင်း သူ့ဘေးနားမှာ မခွဲမခွာ ရှိနေပေးခဲ့တာကတော့ ကျောက်စိမ်းရောင် တောက်နေတဲ့ မျက်လုံးတစ်စုံပါတဲ့လေ။ Cover by Lucy Xellies-sama 💙All Rights Reserved