ငယ်ငယ်က ပင်လယ်ကမ်းခြေမှာ အမှတ်မထင်တွေ့ဆုံခဲ့ရတဲ့ ကောင်ငယ်လေးက တစ်နေ့ သူ့ကို ယှဥ်ပြိုင်လာနိုင်လိမ့်မယ်ဆိုတာ သူမတွေးခဲ့မိဘူး ပြီးတော့ အဲ့ကောင်လေးက အမှောင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့သူ ချင်းတိုင်းရင်းသား ကပြားကောင်လေး ငိုင်း!!! အမှတ်မထင်ပဲ ပင်လယ်ကမ်းခြေမှာ ဆုံခဲ့ရပြီး သူ့ထက် ၃နှစ်ကြီးတဲ့ အဲ့လူက ရှမ်းတိုင်းရင်းသားတဲ့! ရှမ်းဆိုတာသိပြီးတည်းက အဲ့လူကို ရှမ်းပဲပုတ်လို့ပဲ သူခေါ်တော့တယ်!!မကွဲသွားခင်အချိန်အနည်းငယ်မှာ အဲ့လူကိုယ်တိုင်လုပ်ပေးထားတဲ့ ပိုးကြိုးအသားရောင်နဲ့ကျစ်ပြီး အလယ်မှာ ပုလဲလေးနှစ်လုံးသီထားတဲ့ လက်စွပ်ကို အဲ့လူက သူ့ကိုပေးခဲ့တယ်!!!