သိမ်ငယ်မှုတွေကြားမှာမွေးဖွာ းခဲ့ပေမယ့် အချစ်တွေကြားမှာမွေ့လျော်ချင်သူပါ။ မေတ္တာကမ်းမယ့်လက်တစ်စုံကိုသာ အလိုရှိနေပါလျက်နဲ့ ရက်စက်ခြင်းတွေသာမျှဝေခဲ့တာ ခံစားတတ်တဲ့အသည်းနှလုံးပါမလာလို့များလား...။ သို့သော်ကျွန်တော်မေ့နေတာတစ်ခုရှိခဲ့သည်။ ထိုလူသည် သူ့ထံပါးမှချစ်ခြင်းမေတ္တာကိုရူးသွပ်စွာဆာလောင်ငတ်မွတ်နေသောကျွန်တော်အပေါ်မှလွဲလို့ တစ်ပါးသူများအပေါ်တွင်တော့မေတ္တာရေချမ်းကိုရက်ရောစွာကမ်းလှမ်းတတ်သည်။ ခင်ဗျားမှတစ်ပါးအလိုမရှိလေသောကျွန်တော့်အတွက်တော့ ကျွန်တော်မှတစ်ပါးအလိုရှိနေသောခင်ဗျားသည် ကျွန်တော်မွေ့လျော့စွာကျခံနေသောငရဲသာဖြစ်လေသည်။All Rights Reserved