ကိုယ်တကယ်မြတ်နိုးရတဲ့သူဆိုရင် သူမ ဘာဖြစ်နေနေ ဘယ်လိုဘဝမျိုးရောက်နေပါစေ သူမအပေါ်ထားတဲ့ချစ်ခြင်းတရားဆိုတာ ဘယ်တော့မှ ယုတ်လျော့သွားမှာမဟုတ်ဘူး. အချစ်ဆိုသည့်အရာပေါက်ဖွားလာသည်မှာ အမုန်းအရင်းခံကနေလဲ ဖြစ်နိုင်သည်မို့ အရမ်းမမုန်းကြပါနဲ့နော်။ မတော်လို့ချစ်မိသွားရင် မုန်းခဲ့တယ်ဆိုသည့်သမိုင်းကြောင်းကဟာသဖြစ်ကျန်နေခဲ့လိမ့်မယ်။ ဒီဇတ်လမ်းလေးထဲမှာ တီဇာသျန်း(Texerxian) ဆိုသည့် မိန်းမပျိုလေးက ဘုရင့်သမီး(မင်းသမီး) တော်တပါး ဖြစ်သည်။ သူမတို့နေထိုင်ရာတိုင်းပြည်ကို အမျိုးသမီးတဦး ဦီးဆောင်တဲ့အဖွဲ့တခုမှဝင်ရောက် တိုက်ခိုက်ပြီး ဘုရင်နှင့်ဘုရင်မကို လူအများရှေ့မှာခေါင်းဖြတ်သတ်ခဲ့သည်။ သူမ အသက် ၁၀နှစ်မှာ ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်ကြောင့် သူမနှလုံးသားထဲတွင် ကလဲ့စားချေရန်အတွက် အမုန်းတရားကို သံမှိုဆွဲရိုက်ထားသလို ရှင်သန်လာခဲ့သည်