နီးရက်နဲ့ ဝေးရတဲ့ ဆက်ဆံရေးတစ်ခု။ အစကတည်းက မရင်းနှီးခဲ့ကြရင် သိပ်ကောင်းမယ်လို့ ထင်ရတဲ့ ဆက်ဆံရေးတစ်ခု။ ရင်တထိတ်ထိတ်နဲ့ တိတ်တဆိတ် မြတ်နိုးနေရုံကလွဲ ဘာမှရှေ့ဆက်တိုးလို့မရတဲ့ ဆက်ဆံရေးတစ်ခု။ ဖွင့်ဟလိုက်ရင် ပျက်ဆီးသွားတတ်ပြီး သိုသိပ်နေရင် နာကျင်ရတဲ့ ဆက်ဆံရေးတစ်ခု။ အဲဒီလို ဆက်ဆံရေးမှာဆိုရင် ဘောင်ခတ်ထားတဲ့ စည်းတစ်ခု သေချာပေါက်ရှိတတ်ပြီး အဲဒီစည်းရဲ့ နာမည်ကတော့ "သူငယ်ချင်း" လို့ခေါ်တွင်ပါသတဲ့။All Rights Reserved