ထောင်ရှောင်တုန်းတွင် မျက်မမြင်ညီလေးတစ်ယောက်ရှိသည်။ ထန်ဆော်ယန်သည်ကား သူ့ညီလေးအနှစ်သက်ဆုံးသော ဆရာ၀န်ဖြစ်သည်။ ထောင်ရှောင်တုန်းအတွက်မူ လူတစ်ယောက်ကိုနှစ်သက်လျှင် ၎င်း၏အိမ်ခေါင်မိုးပေါ်ရှိကျီးကိုပါ ချစ်ရတော့သည့်ပမာပင်။ ခပ်လွယ်လွယ်ဖြင့် ရရှိလာသည့် မည်သည့်အရာကိုမဆို တန်ဖိုးထားရကောင်းမှန်းသတိမပြုမိတတ်ကြပေ။ ထန်နင်သည် ထန်ဆော်ယန်၏ အလိုလိုက်ခြင်းကို နှစ်ပေါင်းများစွာခံထားရသဖြင့် ဤလူသည် လူများနှစ်သက်လာစေရန် မည်မျှလောက်ပင် ဆွဲဆောင်အားကြီးသည့် အဖိုးတန်ရှားပါးပစ္စည်းလေးလဲ ဆိုတာကို မသိပေ။ ထို့ကြောင့် ပစ်ချင်လျှင် ပစ်လိုက်သည်။ ပစ်ပယ်ပြီးမှ ပြန်လည် နောက်လှည့်ချင်သည်။ ပြန်လည်ကောက်ယူချင်သည်။ သို့သော် အမှန်တကယ်ပင် နောက်ကျသွားလေပြီ။ အစောကတည်းက ထောင်ရှောင်တုန်းလက်ထဲရောက်သွားလေပြီ။ ထောင်ရှောင်တုန်းက ထန်နင်က