"သံယောဇဉ်နှောင်ကြိုး''
ငယ်စဉ်က သီခဲ့တဲ့ကြိုးဟာ
အခုချိန်မှာ ခိုင်မြဲခဲ့ပြီ၊
အဖြူစင်ဆုံး မဟုတ်တော့ပေမဲ့
အရောင်ဆိုးတာလည်း မဟုတ်ပါ။
အရိုးသားဆုံး ချစ်တဲ့မင်းကို
ငါပိုင်ဆိုင်မိချင်တယ် ။
၅၂၈နဲ့ စခဲ့တဲ့ကြိုးလေးမို့
မေတ္တာကြိုးလေး ခိုင်ချင်ခဲ့တယ်။
သူ့ကိုကျမ သိပ်မြတ်နိုးတယ်။
ချစ်တာဆိုရင် ပိုင်ဆိုင်ချင်တဲ့
အတ္တက ပါတတ်စမြဲမို့၊
မပိုင်ဆိုင်ခွင့် ရနေရင်တောင်
အမြဲချစ်ချင်တယ် ။
ရိုးသားတဲ့မင်းအပြုံး
သိမ်မွေ့လှတဲ့ မင်းဟန်ပန်နဲ့
နူးညံ့တဲ့ စကားလုံးတိုင်းကို
မက်မောမိခဲ့တယ်။
မပိုင်ရပေမဲ့ ကျေနပ်ပါတယ်လေ။
မင်းသူ့ကို သိပ်ချစ်သလို
မေလည်း မင်းကိုသိပ်ချစ်ခဲ့တာပါ။
မပိုင်ရပေမဲ့လည်းပေါ့။
မေ ကျေနပ်ပါတယ်လေ။
သံယောဇဉ်ဆိုတဲ့ နှောင်ကြိုးလေး
ပျက်စီးတော့ မခံပါရစေနဲ့။
မင်းပျော်ရာကိုငေးပြီး မျက်ရည်တွေကြားက
ဟန်ဆောင်ပြီးနေရစ်ခဲ့ပါမယCreative Commons (CC) Attribution