အပြာရောင်တွေအကြောင်းတွေးမိလိုက်ရုံနဲ့
သူ့ရဲ့မျက်၀န်းပြာတွေကို ပြေးမြင်မိတယ်။
တိမ်စိုင်ပြာလေး ကိုယ်နဲ့အတူတည်ရှိနေနိုင်ဖို့
မိုးအုံ့တဲ့နေ့တွေမကျရောက်ဖို့ကို တတ်နိုင်သလောက်ကာကွယ်ပေးမယ်။
ကိုယ့်ရဲ့တိမ်စိုင်လေးပျော်ရွှင်စေဖို့ သူမှီတည်ရာကောင်းကင်ပြာကို
သဘောကျမိအောင်ကြိုးစားရင်း ကိုယ်တိုင်အပြာရောင်တွေကြားခုန်ဆင်းမိသလိုပါပဲ...
သဘောကျမိအောင်ကြိုးစားရင်း ကိုယ်တိုင်အပြာရောင်တွေကြားခုန်ဆင်းမိသလိုပါပဲ...All Rights Reserved