"ကျွန်တော်က ရာမ မဖြစ်ချင်ဘူး ဒဿပဲဖြစ်ချင်တာ ရာမက ဘာလုပ်ရမှာလဲ မင်းသားပဲဖြစ်ဖြစ် ဗီလိန်ပဲဖြစ်ဖြစ် အဓိက က မင်းသမီးရဖို့ပဲ" မထိတထိ ပခုံးပင့်ကာ လက်ကြားညှပ်ထားသည့် ဆေးလိပ်ကို နှုတ်ခမ်း၌ပြန်ခဲထားလျက် သူမကိုကြည့်နေသည်က စိန်ခေါ်နေသကဲ့သို့ စူးရဲစွာ.... ဒီလိုအပေအတေပုံနဲ့ သူ့လိုကောင်ကို ချစ်ဖို့မပြောနဲ့ စကားလက်ခံပြောဖို့တောင် ဝေးသေး... "အေ ငါကလဲပြောလိုက်မယ် နင့်လိုကောင်ကို ကြောက်လို့ဆိုပြီး လက်ခံမဲ့အစား ကိုယ့်ကိုယ်ကိုပြန်သတ်သေပစ်လိုက်မယ် နားလည်လား" အားလုံးနဲ့ဆို ယဉ်ကျေးသိမ်မွေ့လွန်းတဲ့မိန်းကလေး သူနဲ့ဆိုအမြဲဇက်ဇက်ကြဲ ရန်စွယ် ငေါငေါနှင့် နည်းနည်းလေးမှအထိမခံ ပြန်ချေပတက်လွန်းသည်။ သူ့လိုကောင်ကလည်း ဟင်အင်းဆိုပြီးအသေအလဲ ငြင်းဆန်နေတဲ့ မိန်းမကိုမှလိုချင်တာမျိုး... ဒီပွဲမှာ ရာမနဲ့ဒဿ စစ်ခင်းရမှာမဟုတ်ဘဲ မယ်သီတာနဲ့ တိ