ထွေးအိ ထိုင်နေတာက ချောင်းစပ်ရှိ တရုတ်စကားပင်ကြီး၏ ခြေရင်းရေစပ်ရှိ သစ်မြစ်ဆုံကြီးပေါ်တွင် ဖြစ်သည်..။ စိမ်းမြကြည်လင်နေသော ချောင်းရေပြင်ကို ထွေးအိ ငုံ့ကြည့်လိုက်သည်..။ ထိုအခိုက် ကြွေကျလာသော စကားပွင့်ကြောင့် ရေမျက်နှာပြင်လှုပ်ခါသွားပြီး ကြည်လင်သောရေ၌ ထင်ဟပ်နေသော ထွေးအိရဲ့ ရုပ်ပုံလွှာမှာ တွန့်လိမ်ကောက်ကွေး၍ လှုပ်ခါသွားရသည်..။ သူမ၏ ရုပ်လွှာမှာ ခုလို တကယ်ပဲ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီလား...ထွေးအိ တွေးလိုက်မိသည်..။ ကြွေကျလာသော တရုတ်စကားပွင့် ဖြူဖြူလေးက ချောင်းရေပြင်တွင် အခိုက်အတန့်လေးသာ ရပ်တန့်သွားပြီးနောက် ရေစီးနှင့်အတူ မျောပါသွားသည်ကို ထွေးအိ လိုက်ပြီး ကြည့်နေမိသည်..။တရုတ်စကားပန်းပွင့်ဖြူဖြူလေးက ရေစီးအတိုင်း လွတ်လွတ်ကျွတ်ကျွတ်ကြီး မျောပါသွားရသည် မဟုတ်..။ ရေစပ်တွင်ရှိသော သစ်မြစ်ဆုံများ ၊ ကျောက်တုံးများကိုAll Rights Reserved
1 part