ဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးမား၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမောသော ဘုန်းကြီးတစ်ပါးရှိသည်။ နေ့ စဥ်ပုံမှန် သူညည်းတွားလိမ့်မည်။ "ငါလူထွက်ချင်တယ်။ အရမ်းမလှပေမယ့် ဆည်းလည်းသံလေးလို သာယာတဲ့ မိန်းကလေးမျိုးနဲ့ လက်ထပ်မယ်၊ ပူတူးတူးလေးတစ်ယောက်လောက်မွေးမယ်၊ တည်ငြိမ်အေးချမ်းတဲ့ ဘဝလေးတစ်ခု တည်ဆောက်မယ်။"All Rights Reserved