"နေမင်းလိုထွန်းလင်းသော အရှင့်ကိုမှ မိုက်ရူးရဲဆန်စွာချစ်မိပါတယ်ဘုရား။အရှင်မင်းတရားကြီးရှင့် အရှင့်ရဲ့နံဘေးမှာခစားလျက်ရှိတဲ့ ကျွန်တော်မျိုးမကို ဘယ်သောအခါမှ သတိထားမိမှာပါလဲ။ကျွန်တော်မျိုးမရဲ့ ဖြူစင်လှသော ချစ်ခြင်းတရားတွေကို ဒီတစ်သက်တော့ ကျွန်တော်မျိုးမဧ ရင်တွင်သိမ်း၍ ဤမြနန်းစံကျော်ရွှေနန်းတော်ကြီးမှ ဝေးရာဌာနဝယ် ကျွန်တော်မျိုးမနှင့်အတူ နစ်မြုပ်ပျောက်ကွယ်သွားပေးတော်မူပါ့မယ်ဘုရား။"All Rights Reserved