"ထယ်လေ မောင့်ကိုသိပ်ချစ်တယ်။ ထယ့်အချစ်က အတ္တတွေမပါပါဘူးမောင်။ ဒီအတိုင်း ရိုးရိုးလေး ကာကွယ်ပေးချင်တယ်။ အနားမှာရှိနေပေးချင်တယ်။ 'မောင်' ဆိုတဲ့နာမ်စားလေးနောက် ထယ်အရာရာပေးဆပ်ရဲပါတယ်မောင်။ မောင်သာလိုအပ်မယ်ဆိုရင် ထယ့်အသက်လည်း မနှမျောပါဘူး။ ဆူးတွေခြံရံထားတဲ့နှင်းဆီဆိုရင်တောင် မောင့်အတွက်သီးသန့်ကြွေကျပေးမယ့် တစ်ပွင့်တည်းသောနှင်းဆီပါမောင်"