သူမရဲ့လမ်းခွဲစကားအဆုံးနဲ့ ကျွန်မဘက်က ဘာမှမတုံ့ပြန်သေးခင် စက္ကန့်ပိုင်းလေးလောက်မှာ သိက္ခာပြန်ဆည်စရာမလိုဘဲ နေနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို သိပ်ဂုဏ်ယူမိတယ်..သေချာတွေးကြည့်ရင် ကျွန်မအတွက်တော့ အချစ်ထက် မာနကပိုအရေးပါနေတာမို့ ညင်ညင်သာသာလေးပဲလက်လွှတ်ပေးခဲ့တယ်....။ Kim Jisoo(မာနမင်းသမီး) ငါလိုချင်ခဲ့တာ...ငါတောင့်တခဲ့တာ.. ဒီလို မာန်မာနတွေမဟုတ်ဘူး.. ငါလိုအပ်ခဲ့ခဲ့တဲ့ ပျော်ရွှင်မှု၊နွေးထွေးမှု၊ ကြင်နာမှုဆိုတာတွေကို နင်သိရော သိရဲ့လား...နင့်ရဲ့အဲ့မာနကို အဲ့လောက် ရှေ့တန်းတင်နေရင် တစ်သက်လုံး အချစ်နဲ့ဘယ်တော့မှ မထိတွေ့နဲ့.. ငါလိုချင်ခဲ့တာ စိမ်းသက်သက်နဲ့ မာနစည်းခြားထားတဲ့ဆက်ဆံမဟုတ်ဘူး...။ Kim Jennie(ချစ်ခြင်းမေတ္တာကိုလိုချင်တောင့်တသူ)