နှစ်လွှာခြားတဲ့ သစ်ရွက်၊သစ်ခက် ပင်ယံထက်က ပိတောက်မြတ် အတာရေလူး စွတ်ဖြန်းခဲ့ဝသုန် ရွှေဝါရောင်ဝတ်ဆံဖူးငုံ ပွင့်ဖူးခဲ့ ပင်ယံကုန် ဖူးရ၊ ပွင့်ရ၊ သင်းပျံ့ရ ရနံ့ကုန် အစွမ်းကုန်ပွင့်ဖူး အတာကြူးတဲ့ လတန်ခူး ပိတောက်ဦး ပင်ယံထူးမယ် စွတ်ခူးမယ်ကြံ ပိတောက်မာန် မြင်သူခိုက်၊ ကြင်သူရိုက်မယ်လို့ ပိတောက်ကဇာတ်လိုက်။