အချိန် စက်ဝန်း ~~~~~~ လွန်းသန့်သခင်...... *သိပ်ချစ်လွန်းလို့ ဆုကို ကိုယ်တော့် အနား ခေါ်ထားတာပါကွာ ဆုသာ ငြင်းမယ်ဆိုရင်တော့ ကိုယ်တော့် နှလုံးသားကို တစ်ခါ ထဲ ယူသွားလိုက်ပါ* ဆုကဋေ...... *ကိုကို ရယ် ဆုက ဧည့်သည်လေ ဒီနေရာမှာ တစ်သက်လုံးနေလို့မှမရတာ တစ်ချိန် သူ့နေရာသူ ပြန်သွားရမယ့်သူ မဟုတ်လား * ဆု သိပ်ကြိုက်တဲ့ စာရေးဆရာမ ရေးထားတဲ့ အချိန်စက်ဝန်းဆိုတဲ့ ဝတ္ထုလေးကို ဖတ်ရင်း အိပ်ပျော်သွားခဲ့ပါသည်။ အိပ်မက်လိုလို တကယ်လို လို ဆုရောက်နေတဲ့ နေရာ က နန်းတော် တစ်ခု ပုံစံဖြင့် အဝတ်စားဆင်တူဝတ်ထားသော လူများကို တွေ့ရသည်။ ဆုဝတ်ထားသော ပုံစံကအစေခံ အဝတ်စားပုံစံပင်။ အဖြူရောင် ဂါဝန်ကိုမှ အနက် ဇာလေးတွေ ကွတ်ထားလေသည်။ဘေးပတ်ပတ်လည်မှာလည်း အဲ့သလိုပုံစံတူတွေ ချည်းပင်။ခေတ်မှီတယ်ဟုပင် ပြောရမလို..... ကိုယ့်ကိုယ် ကို ဆွဲဆိတ် ကြည့်သော် လည်း နာကျင်မှုကို ခံ