သရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုထိုစဉ်ကသူမ ပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ််ရသည်... ဆောင်းညမို့အချမ်းဓါတ် ကတစိမ့်စိမ့်... ဖေဖေက စောင်ထမခြုံ... ခြေရင်းတွင် မေမေက စောင်တစ်ထည်ပစ်ပေးသွားသည်... ဂျစ်ကန်ကန်ဖြင့် တမင်ထမခြုံခြင်းပင်။ တစ်ရေးနိုးမေမေထကြည့်တော့ စောင်မခြုံထားသေး... တဂတ်ဂတ်ဖြင့်တုန်ရီပြီး ပုဆိုးခြုံလျက် ကွေးကွေးလေး ... မေမေက စောင်ကိုဖြန့်ပြီးခြုံပေးတော့မှ "ကျေးဇူးမြလေး ..မဟုတ်ရင်မနက်ကျ မြလေးနဲ့ သမီးတွေနဲ့ ဝေးသွားနိုင်တယ်" တဲ့... မေမေကမျက်စောင်းခဲပြီး "စောင်ချပေးထားတယ် ထခြုံပါလား " ဆိုတော့.. "မြလေးလာခြုံပေးမှနွေးတာလေ ... ကိုကိုယ်တိုင်ခြုံရ