"ရှေးကကြမ္မာငွေ့ကြောင့်" ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ။ ။ ရှင်လူထွက်သစ်၊ဆယ့်သုံးနှစ်က၊ချစ်တဲ့သူကို၊အယူတခြား၊မိထွေးများက၊ဆီးတားဆို၊ရစ်ကိုထောင်ကာထားရတယ်။ ။ နွမ်းနယ်တစေ့၊ ရှေးကပါကြမ္မာငွေ့ကြောင့်၊ မတွေ့ရတာကြာတောင်းငံ့ကြာမှ၊မျက်နှာတူရူ၊သူလည်းအလာ၊မယ်သာအမှောင်၊ နေဝင်ကျော်၊ဒွေးတော်အိမ်ပါး၊ တောင်ဆီနားသို့၊ယာသွားပို့ပြန်၊ စောင်းလျားခြံနှင့်၊လက်ပံပင်ရှေ့ ကျဉ်းမြောင်းကွေ့၊တွေ့သောခါ၊ ပဝါရက်သစ်၊မယ်ကပေးတဲ့၊ပိုးသေးမဲပါ၊ခေါင်းပေါင်းပြာ လည်မှာရစ်လို့၊ ဖွင့်လှစ်ကယ်မဆို၊ ပခုံးဘယ်တင်၊ မယ့်ကျောပြင်၊ လက်တင်ရပ်လို့၊မတ်တတ်ကယ်ကို၊မောင့်ကိုစိမ်းကား၊ မယ်နှမကိုဆိုသလား။ ။ တို့ချစ်ခြင်း၊ကွင်းအောင်တစေ၊ နေ့တိုင်းမွှေတဲ့၊ သက်ကြီးဝန်တို၊ မြင်တိုင်းမုန်းစရာ့၊ ကုန်းမအို၊ ရေလိုခန်းခြောက်ပစေသား။
6 parts