တစ်ကိုယ်တည်း ရယူပိုင်ဆိုင်လိုသည့်အချစ်၌ အတ္တမကင်းသော တပ်မက်ခြင်းတို့ပါ၀င်သည်ကို လှည့်ဖြားခြင်းကင်းစွာ တိုင်တည်ပါသည်။ သစ္စာလေးညှို့မှ ပစ်ခွင်းလိုက်သော အချစ်မြားသည် ချစ်ရသူ၏ နှလုံးသားဗဟိုသို့ တည့်မတ်စွာ စူး၀င်၍ အသည်းကို အသည်းချင်း ပြန်လည်တုံ့နှင်းရစေလို၏။ ချစ်ခြင်း၏ဖွင့်ဆိုချက် ပဏာမစာမျက်နှာအစတွင် အတ္တသစ္စာဟု မာတိကာ တွင်စေသတည်း...။ စိုင်းစစ်ရန်ရှင်း
3 parts