မျှော်စင်တွေ ကမ္ဘာအနှံ့ ပေါ်ထွက်လာပြီးနောက် အထဲဝင်ရောက်ရန် လက်မှတ်ဝယ်ယူဖို့ ပိုက်ဆံစုနေတဲ့ ကျောင်းသားလေး ဆယ်ဂျွန်းက ဈေးဝယ်ပြန်လာတုန်းမှာ တွင်းနက်ကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့တယ် အဲဒီတွင်းနက်ကြီးက မျှော်စင်ဝင်ပေါက်ဆိုတာ သိနေတာ့ ထီပေါက်တာထက် ကံထူးပြီဟေ့ဆိုပြီး ပျော်ရွင်မိသွားခဲ့ပေမဲ့ အပျော်က သိပ်ကြာကြာမခံလိုက်ရဘူး တွင်းနက်ကြီးက သူ့ကို မစုပ်ယူသွားဘဲ ပြန်ပျောက်ကွယ်သွားတော့မလို ဖြစ်နေလို့ပါပဲ ... ဆယ်ဂျွန်းကတော့ သူ့အိပ်မက်ကို လက်မလျော့ဘဲ တွင်းနက်ထဲကို ခုန်ဝင်ခဲ့ပါသတဲ့ ... သူ ရောက်သွားတဲ့ နေရာက သူများတွေပြောနေတဲ့ မျှော်စင် ပထမအထပ် မဟုတ်ဘဲ တခြားနေရာ ဖြစ်နေတဲ့အချိန်မှာတော့ ....All Rights Reserved