သော့်ကို ပေးမယ်လို့ ရည်ရွယ်ပြီး ရေးထားတဲ့ ကဗျာစာအုပ်လေးတစ်အုပ် ရှိတယ်။ စာအုပ်လေးကို ဒီလိုနာမည်ပေးထားတယ်။ 'You are my essential'တဲ့ သော်... အဲ့စာအုပ်လေးထဲမှာ ကိုယ်တိုင်ရေးထားတဲ့ ကဗျာလေးတွေ ပါသလို ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်လို့ အရမ်းသဘောကျရတဲ့ ကဗျာလေးတွေလည်း ပါတယ်။ (အဲ့ကဗျာလေးတွေအတွက်လည်း မူရင်းကဗျာဆရာတွေကို credit ပေးပါတယ်) အခုတော့ အဲ့စာအုပ်လေးက မင်းဆီကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်တော့ဘူးပေါ့။ ကိုယ့်ခံစားချက်တွေ အားလုံးကိုမေ့ဖျောက်နိုင်တဲ့ တစ်နေ့ကျရင်တော့ အဲ့စာအုပ်လေးကို ပို့ပေးမယ့်နေရာက 🔥🔥🔥