"ဒယ်ဒီ သိထားရမှာက ဒယ်ဒီ့မှာ ခင်ခင်ရယ်၊ဖေကြီးရယ် အပြင် ဒီအိမ်နဲ့ ဒီခြံကြီးပါ ရှိပါသေးတယ် ဆိုတာပဲ အဲဒါကြောင့် နောက်ကို အလုပ်လုပ်ရင် ရဲရဲဝံ့ဝံ့ နဲ့သာ လုပ် ဘာမှ စိတ်ဖိစီးမှု များမနေနဲ့။ ဒယ်ဒီ က ကျောထောက်နောက်ခံ မရှိတဲ့ သူ မဟုတ်ဘူး" မင်းလွင်ထူး "ဒယ်ဒီ သေချာ သိထားတာ တစ်ခုရှိတယ် ။ ဒယ်ဒီ ဘယ်ဘဝကိုပဲ ရောက်ရောက် ဖေကြီးက ဒယ်ဒီ့အနားမှာ အမြဲ ရှိနေပေးမယ် ဆိုတာပဲ" ပြည့်လျှံကိုကို(ခ)အားချစ် "ဒီ ယောက်ျားက မိန်းမ အတွက်ဆို ဘာပဲ လုပ်ရ လုပ်ရ လုပ်ကျွေးမယ်ဆိုတာ သိတယ် မဟုတ်လား"? "သိပါပြီ။ း အိပ်ပျော်နေကြလေသည်။ ဤ အိမ်လေးနှင့် ဤခြံကြီးကလည်း ဦးမင်းလွင်ထူး၏ နှလုံးသားကဲ့သို့ပင် ဘယ်အချိန်မှာပဲ ပြန်လာ ပြန်လာ အမြဲ အဆင်သင့် တံခါးဖွင့်ထားမည် ဖြစ်လေတော့သည်။