အချစ်ဆိုတဲ့ စကားလုံးလေး ခေါ်လိုက်ရင်တော့ တိုတိုလေးနဲ့ ရိုးရိုးရှင်းရှင်းလေးပေါ့ ဒါမဲ့ ရိုးရှင်းတဲ့ အဲ့ဒီအချစ်ကြောင့်ပဲ သေမလိုဖြစ်ခဲ့ရတဲ့လူတွေလည်းရှိသလို ဘ၀တွေ အချိန်တွေ ရင်းနှီးမှုတွေ ပက်သတ်မှုတွေကို ပေးဆပ်ခဲ့တဲ့လူတချို့လည်းရှိခဲ့တယ်.. ထိုနည်းတူ အဲ့ဒီရိုးရှင်းလွယ်တဲ့ အချစ်ကိုဗန်းပြပြီး သစ္စာရှိမှုကိုတောင် စောင့်ထိန်းမှုမရှိတော့တဲ့ ဖောက်ပြန်မှုတွေလည်း ရှိခဲ့ပြန်တယ်... အဲ့ဒီအချစ်ကြောင့်ပဲ ဆက်ဆံရေးတချို့ ပြတ်သားသွားတာမျိုးလည်းရှိတယ်... လူတစ်ယောက်ဘ၀ကိုတောင် အသက်သေဆုံးသည်အထိဖြစ်စေခဲ့တဲ့ အဲ့ဒီအချစ်ဟာ ရှင်လျက်နဲ့ကျနေတဲ့ ငရဲမီးတမျိုးလည်းဖြစ်တယ်....