"လူလေး" ဆိုသည့်အသံကြားရာသို့ ကျွန်တော် ရုတ်တရက်လှည့်ကြည့်လိုက်မိသည်။ ထိုသူကား ကျွန်တော်၏ဘဝတွင် တစ်ကြိမ်တစ်ခါမှ မတွေ့ဖူး မမြင်ဖူးသည်မှာအသေအချာပင်ဖြစ်၏။ ကျွန်တော်၏နှုတ်ခမ်းအဝမှ အဘကဘယ်ကလဲဟူ၍ အံ့သြခြင်းနှင့်သိလိုခြင်းစသည့်စိတ်အရင်းခံနှစ်မျိုးဖြင့်မေးလိုက်မိခြင်းဖြစ်သည်။ ထိုအဘသည် သူ၏သွားများပေါ်အောင်ပြုံးရယ်လိုက်ပြီး ဖြူဖွေးနေသောမုတ်ဆိတ်မွှေးများကို လက်ဖြင့်သတ်ချကာ ကျွန်တော့်အနားသို့လျှောက်လာလေ၏။ အဘက အထက်ပုဂ္ဂိုလ်တွေရဲ့စေခိုင်းချက်အရ လူ့လောကမှာအကျိုးပြုမယ့် လူလေးအတွက် လာရောက်ကူညီရခြင်းဖြစ်တယ် လူလေးရဲ့ဝဋ်ကြွေးတွေဟာ အခုကုန်ဆုံးချိန်ဖြစ်တဲ့အတွက် လူလေးရဲ့ နာမည်ဘုန်းတန်ခိုးဟာ ထွန်းလင်းကျော်ကြားချိန်ရောက်လာခဲ့ပြီ။All Rights Reserved