တစ်နေ့ထက်တစ်နေ့ တိတ်ဆိတ်လာတယ်။ လူတွေကို မေ့တတ်လာတယ်။ ဘဝမှာကိုယ်နဲ့ မထိုက်တန်တဲ့အရာတွေများလာတယ်။ "ပြောစရာစကားတွေမဲ့လာတယ် ခေါ်စရာအသံတွေ နည်းလာတယ် ငါ့ကို နားလည်နိုင်တဲ့လူ ရှားလာတယ်" လူ့ဘဝဆိုတာ ငယ်ငယ်က ပွဲတော်ထဲမှာ လျှောက်လည်ရင်း ကိုယ်လိုချင်တာတွေကို ငေးရုံပဲ ငေးပြီး အမှောင်ထုထဲ ခေါင်းငိုက်စိုက်ချတိတ်တိတ်လေး ပြန်ရသလိုလား...။ - စစ်ငြိမ်း -All Rights Reserved