ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူနဲ့ အကြည့်ချင်းဆုံသွားတယ်။ ကျွန်တော့်ကို ငေးမောကြည့်နေတဲ့ သူ့မျက်၀န်းတွေက ရူးရူးမူးမူး စွဲလမ်းပစ်ဖို့ ကောင်းတယ်။ နောက်ပြီး သူက နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွတ်သွားတဲ့အထိ ကျွန်တော့်ကို ပြုံးပြသေးတယ်။ "ဘာလဲ" မျက်လုံးကို မှေးစင်းလိုက်ပြီး မေးငေါ့မေးလိုက်တဲ့ ကျွန်တော့်အမေးကို သူပြန်ဖြေပုံက နွေလယ်ခေါင်မှာ အပူရှပ်လောက်ချင်စရာ... "ချစ်ဖို့ကောင်းလို့..."
4 parts