ဝိဉာဉ်.... ဟုတ်တယ် ငါကဝိဉာဉ်တစ်ယောက် ဝိဉာဉ်ထဲမှာမှ အိပ်မက်မက်လို့ရတဲ့တစ်ဦးတည်းသော ဝိဉာဉ် .......ကရုပ်..... ကရုပ်ဟာ တစ်နေ့ကိုမဖြစ်မနေ ပန်းပင်တစ်ပင်ပျိုးရတဲ့ကျိန်စာသင့်ဝိဉာဉ်တစ်ယောက်.... သာမန်လူတွေနဲ့မတူညီဘဲ ဝိဉာဉ်ဥယျာဥ်မှူးတစ်ယောက်ရဲ့ ပန်းပျိုးခင်းက ဘယ်လိုလျှို့ဝှက်မှုတွေနဲ့ ပြည့်နှက်နေလိမ့်မလဲဆိုတာ မည်သူမျှမသိချေ။သိသော်ငြားလည်း အလုံးစုံမဟုတ်နိုင်။