သစ်လွင်သောဆူး
"ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.."
"မသိဘူး..."
"ရှင်..ဘာဖြစ်ချင်တာလဲ..."
"ညို့ကို ချစ်တာ..."
"ရူးနေလား.."
ညို အသံကုန် အော်ပစ်လိုက်တော့ သူက သက်ပြင်း တစ်ချက် ချလိုက်ပြီး ညို့ဆီကို တိုးကပ်လာသည်။
"ညို့ကို တို့သိပ်ချစ်တာပါ...ညိုရယ်..."
ညို့ နှုတ်ခမ်းတွေ အနမ်းခံလိုက်ရတော့ ဒေါသကြောင့် တုန်ယင်နေတဲ့ လက်တွေဖြင့် သူ့ကို ဆောင့်တွန်းမိသည်။
ညို့ကို နမ်းလိုက်တာတဲ့...။
ညီမ ဖြစ်သူရဲ့ ယောက်ျားက ကိုယ့်ကို နမ်းလိုက်တာ...။
ညို ရှက်လွန်းလို့ မျက်နှာကို လက်အုပ်ကာ ငိုမိသည်။
"ရှင်...ရူးနေလား...ရှင်က ကျွန်မ ညီမရဲ့ ယောက်ျား.."
"တို့သိတာ တို့ ညို့ကို ချစ်တယ်..."
"အရူး...ရှင် လူယုတ်မာ...အရိုင်းအစိုင်းကောင်...ကျွန်မရှေ့ ဘယ်တော့မှ မလာနဲ့..."
ညို ပြေးထွက်လာခဲ့မိတာ ဖြူ့ကို တွေ့တော့မှTodos los derechos reservados