မိတ်ဆက် "စုတ်ချက်တိုင်းမှာ မြစ်ချောင်းနဲ့ ပင်လယ်ကို ရေးဆွဲတယ်..ပြီးတော့ စုတ်တံနဲ့ပဲ တောင်နဲ့ မြစ်တွေကို အဆုံးအဖြတ်ပေးတယ်" တချို့လူတွေကတော့ တောင်ထိပ်ပေါ်မှာ မာန်ကြွနေတဲ့ ကျွဲတကောင်ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားချပ်ကို ကြည့်ပြီးတော့ စွမ်းအားကြီးမားလှတဲ့ "တောင်ဖြိုသိုင်း" ကို ဉာဏ်အလင်းပွင့်ခဲ့ကြတယ်။ "တောင်ဖြိုသိုင်းရဲ့ အဖျက်စွမ်းအားကြီးမားမှုဟာ ကျင့်ကြံသူကို လက်ဗလာနဲ့ တောင်တတောင်ကို ရွှေ့ပြောင်းနိုင်စွမ်းရှိတယ်" တချို့လူတွေကတော့ ပန်းချီကားထဲက အေးစက်တဲ့ လရောင်အောက်မှာ စိုက်ထူထားတဲ့ ဓားတချောင်းပန်းချီကို ကြည့်ပြီးတော့ "လစကြာဓားသိုင်း" ကို ဉာဏ်အလင်းပွင့်ပြီး ရရှိခဲ့ကြတယ်။အဲ့ဒီ့ဓားသိုင်းနဲ့အခြားကမ္ဘာက မကောင်းဆိုးဝါးတွေအားလုံးကို နှိမ်နင်းနိုင်ပြီး လောကကြီး တခုလုံးကို ဂုဏ်သတင်းပျံ့နှံ့သွားစေ