" ရောင်ခြည့်နှလုံးသားကို အကိုအသုံးမလိုတော့တဲ့အခါ နှင်းခဲထဲမှာ မြုတ်ခဲ့ချင်လည်းခွင့်လွှတ်ခဲ့ပါတယ်.." " ဒါပေမဲ့အကိုရယ် အကို့အတွက်ပေးတဲ့ ရောင်ခြည့်နှလုံးသားကို..တစ်ခြားတစ်ယောက်ကိုပေးဖို့ထိတော့ ခွင့်မပြုနိုင်ဘူးအကို.." " ရောင်ခြည်လည်းလူပါ အကိုရယ်..တိမ်တိုက်တွေလိုတော့ ပေါ့ပါးချင်ယောင်မဆောင်နိုင်ပါဘူး.." " ဒါကြောင့် ပို့ရန်သာဖြစ်နိုင်ပြီး ပြန်လာဖို့မဖြစ်နိုင်တော့တဲ့ စာတွေကိုမမျှော်ဖို့.." " ရောင်ခြည့် ကမ္ဘာကနေအကိုတို့တောက်ပနေတာကိုမမြင်ရတော့ဖို့.." " ရောင်ခြည်သာနောက်ဆုတ်ခဲ့ပါတယ်..နောက်ဆုံးအနေနဲ့ပြောခဲ့ချင်တာ" " ပြုံးလို့သာဖတ်ပြီး မေ့ပစ်လိုက်ပါ အကို.."