ပြိုင်စံရှားကစားသမားအနားယူပြီးနောက်
144 parts Ongoing
💥Description
အဆုံးမဲ့စီးဆင်းမှု လွတ်မြောက်ဂိမ်းတွင် နာမည်ကျော်ကြားပြီး ကြမ်းတမ်းသောနတ်ဘုရားတစ်ဦးဖြစ်သော ယဲ့ကျားက ၎င်းကို ရှင်းလင်းပြီးနောက်တွင် သူ၏ခွန်အားကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားကာ သဘာဝလွန်ဆိုင်ရာကိစ္စရပ်များ စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲမှုဗျူရို ၏ ထောက်ပံ့ပို့ဆောင်ရေးဌာနတွင် အချောင်ခို၍ရသော အလုပ်တစ်ခု ရှာဖွေခဲ့လေသည်။
သူ၏ ငါးဆားနယ်ဘဝသို့ ပြန်ရောက်သွားပြီး သက်တောင့်သက်သာ နေနိုင်မည်ဟု ထင်ခဲ့ပေသည်။
သို့ရာတွင် ယဲ့ကျားမမျှော်လင့်ထားခဲ့သည်မှာ...
.....
တစ်ရက်တွင် သူရေခဲသေတ္တာကိုဖွင့်လိုက်သည့်အခါ ရက်စက်သော နတ်ဆိုးဝိညာဉ်၏ဦးခေါင်းတစ်လုံးကို တွေ့လိုက်ရသည်။
" ဘော့စ် ဘော့စ် ကျွန်တော့်ကို မလွမ်းဘူးလား..."
ယဲ့ကျား : “………”
ရေခဲသေတ္တာတံခါးကို ဆောင့်ပိတ်လိုက်ပြီးနောက် အတွေးထဲ နစ်မျောသွားသည်။
ဒီကမ္ဘာမှာ တစ်ခုခု မှားနေတာများလား...
သူ့အနောက်ဘက်မှ တီဗီက သတင်းတစ်ပုဒ် ထုတ်လွှင့်နေသည်။
( မကြာသေးခင်အချိန်က သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်ပွားမှုမြင့်တက်လာခဲ့ပြီးတော့ ပျောက်ဆုံးသူဦးရေကလည်း သိသိသာသာတိုးလာခဲ့ပါတယ်... ဒီကိစ္စတွေအားလုံးကို စုံစမ်းစစ်ဆေးနေဆဲပါ...)
*
အဆုံးမဲ့စီးဆင်းမှု လွတ်မြောက်ဂိမ်း မမျှော်လင့်စွာ ပျက်စီးသွားခြင်းနှင့်အတူ အတွင်းတွင် ပုန်းအောင်းနေသည့် မရေမတွက်နိုင်သော နတ်ဆိုးများနှင့် တစ္ဆေသရဲများ လွတ်မြောက်လာခဲ့၍ ကမ္ဘာကို ကပ်ဘေးဒုက္ခများ ဆောင်ကြဉ်းလာခဲ့သည်။
ဂိမ်းကိုရှင်းလင်းခဲ့သည့် ယဲ့ကျားတစ်ယောက်တည်းကသာ အမှန်တရားကိုသိသည်။
ဒါတွေ... ဒါတွေအကုန်လုံးက သူ့မိတ်ဆွေဟောင်းတွေပါလား...
ယဲ့ကျား : ငါ့ဘဝကြီးကလည်း ခက်ခဲလွန်းပါတယ်...
#ငါက သာမန်ဝန်ထမ်းအဖြစ် နေချင်ရုံလေးပါ#
နောက်ဆုံးတွင် တစ်နေ့၌ သူက မမျှော်လင့်ထားသော မကောင်းဆိုးဝါးတစ်ကောင်ကို မြင်ခဲ့သည်။
နှစ်စက္ကန့်ကြာ ငြိမ်သက်နေပြီးသည့်နောက် ယဲ့ကျားက အသံခြောက်ကပ်ကပ်ဖြင့် နှုတ်ဆက်လိုက်သည်။
" မင်းလည်း ရောက်လာတာလား... တိုက်ဆိုင်လိုက်တာ..."
သူ့ရှေ့မှလူက ပြုံးလိုက်ပြီး သူ့အနားကို တဖြည်းဖြည်းချဉ်းကပ်လာသည်။
" ကိုယ့်ချစ်သူကောင်လေးက အိမ်က ထွက်ပြေးသွားမှာတော့ သူ့ကို သေချာပေါက်ဖမ်းပြီး ပြန်ခေါ်သွားရမှာပေါ့..."
ယဲ့ကျား : “……..”
သေမျိုးကမ္ဘာတစ်ခုလုံးမှာ တစ္ဆေတံခါးတွေ ပွင့်လာတာနဲ့အတူ အဲဒါတွေပါရှိလာမယ်လို့ ဘယ်သူထင်မိမှာလဲ...
သူ့ မက်မွန်ပွင့်လေးတွေအတွက် စိုးရိမ်မိလာတယ်...
အဲ့လိုတော့ မဖြစ်နိုင်လောက်ပါဘူး ဒါပေမဲ့ အဆင်ပြေပါတယ်လေ