မင်္ဂလာဦးခန်းထဲက ကုတင်ထက်တွင် မလှုပ်မယှက်ထိုင်နေသော ရွှယ်ယွဲ့ သူမဘေးနားသို့အသာအယာဝင်ထိုင်လိုက်လျှင် တဖက်သို့ရွေ့သွားလေသည်။ သူကတိုး သူမကရွေ့နှင့် တဖြည်းဖြည်းကုတင်စွန်းသို့ရောက်လာကြလေသည်။ ထိုအခါ ရွှယ်ယွဲ့တစ်ယောက် မတ်တပ်ထရပ်လျက် နေရာမှထွက်ခွာဟန်ပြင်နေလေရာ စိတ်မရှည်စွာဖြင့် ဆတ်ခနဲလက်ကိုလှမ်းဆွဲမိတော့ သူပဲအားပါသွားလို့လားမသိ နဂိုခပ်သေးသေးညှက်ညှက်ခန္တာကိုယ်လေးဟာ ယိုင်လဲကာ ရင်ခွင်ထဲ့သို့ပစ်ကျလာလေတော့သည်။ " ဘယ်သွားမလို့လဲ ဒီညက ငါတို့မင်္ဂလာဦးညနော် "
26 parts