အမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ်ကာ လိုက်နာသူများမှာမူ ကောင်းကင်၏ ကောင်းချီးပေးခြင်းကို ခံကြရသည်။ ကျင့်ကြံခြင်း လောက ခက်ခဲလွန်း လှသည်မှာ မပြောင်းလဲသော စည်းမျဉ်း တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း ကောင်းကင် တာအို၏ ပွေ့ပိုက်ခြင်းခံရသော အချို့မှာမူ အရာအားလုံးကို ကျော်လွန်ကာ အမြင့်ဆုံးသို့ တက်လှမ်းသွားကြသည်။ ထိုအရာက အဘယ်ကြောင့် ဖြစ်ရသနည်း။ ကိုယ်ကျင့်တရားနှင့် တရားမျှတမှုဆိုသည်က အဘယ်နည်း။ မကောင်းမှု နှင့် အကျင့်ပျက်မှုဟူသည်က အဘယ်နည်း။မည်သူက ထိုအရာကို ဆုံးဖြတ်သနည်း။ ထို့ကြောင့်ပင် အပြစ်သား မိစ္ဆာတို့သည် ကောင်းကင် တာအိုကို ဆန