Intro ကောင်းကင်ကြီးတစ်ခုလုံးကိုမမြင်ရအောင် မည်းမှောင်နေတယ့်တိမ်တိုက်တွေက ဖုံးလွမ်းထားတယ့်ချိန်။မိုးတွေကလည်းအပြင်းအထန်ရွာသွန်းနေတယ့်ချိန်။ ကောင်းကင်မာ အနည်းငယ်သာမြင်ရတယ့်လဟာလည်း သွေးရောင်စွန်းထားသလိုမျိုး နီရဲနေတယ့်ညမာကောင်မလေးတစ်ယောက်ကတော့လွယ်အိတ်တစ်ခုကိုလွယ်ပီးမိုးရေကိုတောင်သတိမမူဘဲအမည်မသိတယ့်သူတွေရဲ့အမှီလိုက်ခြင်းမခံရအောင်စိုးရိမ်မှုတွေနဲ့ရှေ့ကိုဆက်ပီးပြေးနေခဲ့တယ်။မျက်၀န်းထဲမာကြောက်ရွံမှုများစွာနဲ့ ။ ရုတ်တရက်လမ်းလေးခွဆုံတယ့်မိန်းလမ်းမကြီးပေါမာ အမှတ်မထင်အနီရောင်စည်းမျဉ်းတစ်ခုကိုတွေ့လိုက်ေပမဲ့အနောက်ကလူတွေလိုက်မှီဆဲဆဲမှာရှောင်လွဲလို့မရတယ့်စည်းမျဉ်းထဲ၀င်ရောက်ခဲ့တယ် ထိန်းချူပ်လို့မရတယ့်ကံကြမ္မာတံခါးကတော့ပွင့်သွားခဲ့ပီး......