ဟိုးယခင်တုန်းက လူ့ပြည်လူရွာနဲ့ မိစ္ဆာလောကဟာ အတောမသတ်နိုင်တဲ့ စစ်ပွဲတွေဖြစ်ခဲ့ကြတယ်။ စန်းလနိုင်ငံတော်၏ မိစ္ဆာဘုရင်မ စန်းလရဲ့စွမ်းဆောင်ရည်တွေနဲ့အတူ မိစ္ဆာနှိမ်နင်းတဲ့ နိုင်ငံအတော်အများ ကျဆုံးသွားကာ အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ ကျစ်၊ချီ၊မော့၊လျန်၊ပါ ဟူသော မိစ္ဆာသုတ် သင်သည့် တိုင်းပြည်၅ခုသာ ရှင်ကျန်နိုင်ခဲ့သည်။'ရှန်'ဟုအမည်ရသည့် လွတ်ငြိမ်းချမ်းသာ နယ်မြေငယ်လေးဟာတော့ ချွင်းချက်တစ်ခုအနေနဲ့ ရှင်သန်နေဆဲပင်ဖြစ်၏။ တစ်နေ့မှာတော့ ကျစ်ပြည်ထောင်စုမှာ 'လု'ဆိုတဲ့မင်းသားတစ်ပါးဖွားမြင်လာခဲ့ပြီး စန်းလ နိုင်ငံတော်မှာလည်း 'လော့ချန်း'ဟုခေါ်သည့် မင်းသားတစ်ပါး မွေးဖွားလာခဲ့သည်။ "ရန်သူတော်တိုင်းပြည်နှစ်ခုက ထိုမင်းသားနှစ်ပါးရဲ့ ကံကြမ္မာဟာ ဘယ်လိုနည်းလမ်းမျိုးနဲ့ အဆုံးသတ်သွားမှာလဲ"
24 parts