ဖြောင့်ချက် ဆရာတာရာမင်းဝေရဲ့ကဗျာစာသားလေးလိုပါပဲ ကျုပ်တို့ဟာ ဘဝမှာတစ်ကြိမ်တစ်ခါမှားခဲ့ ဖူးကြတယ် အမှားတွေကိုပြန်ပြင်ဖို့ အခွင့်အရေးတွေလိုချင်ခဲ့ကြတယ် အဲ့ဒီလိုပါပဲ ကျနော်ကိုယ်တိုင်လည်း ဘဝမယ် ဘယ်တော့မှ မစွန့်လွှတ်ခဲ့သင့်တဲ့ မိန်းမတစ်ယောက်ကို စွန့်လွတ်ခဲ့ရဖူးတယ် ကြားဖူးတဲ့စာသားလေးလ်ုပေါ့ 'ပြန်ရရင်တောင်မလိုချင်တော့တဲ့သူဟာ မင်းဖြစ်ပြီး ပြန်လိုချင်ရင်တောင်မရတော့တဲ့သူဟာ ငါဖြစ်တယ်' တဲ့။ ငယ့်ကို ချစ်သေးလားမေးရင် ခုထိချစ်မိနေတုန်းပဲ ၊ ပြန်လိုချင်သေးလားမေးရင်တော့ ဟင့်အင်း ပေါ့။ဒီဇာတ်လမ်းလေးဟာ ငယ်ဆိုတဲ့ မိန်းမငယ်တစ်ယောက်ရဲ့ တက်ကြွဖွယ် ဝမ်းနည်းဖွယ် ကြင်နာဖွယ် အားကျဖွယ်ဇာတ်လမ်းလေးပါပဲ၊ ဒီဇာတ်လမ်းထဲမယ် ကျုပ်ပါပေမယ့် ကျုပ်ကအရံလူပါ။ နောက်ဆုံးပြောချင်တာက ဒီဝတ္ထုဖတ်ပြီးရင် ခင်ဗျားတို့ခေါင်းထဲ စာအုပ်ဆယ်အုပ