Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်.. ဒါတွေအားလုံး ဒယ်ဒီ့အတွက်ပဲ.. ဝူယိလေးကလည်း ဒယ်ဒီ့အတွက်ပဲ.." ဝူယိ (မေလတစ်ရက်နေ့) သည် ချုံချုံ (နံစော်လေး) ဟု အမည်ပြောင်ရှိသည့် ဟမ်းစတားလေးတစ်ကောင် ဖြစ်သည်။ သူ့ထံတွင် အလွန်ခံ့ညားကာ ဩဇာတိက္ကမနှင့် ပြည့်စုံသည့် ပိုင်ရှင်ဖေဖေတစ်ယောက်လည်းရှိပြီး ဝူယိသည် ဘဝကို စိုးရိမ်ပူပန်မှုများမရှိဘဲနှင့် နေ့စဉ်နေ့တိုင်း ပျော်ရွှင်စွာ ဖြတ်သန်းလို့နေသည်။ သို့သော် တစ်နေ့တွင် ကမ္ဘာပေါ်၌ ဇွန်ဘီပျက်ကပ်တစ်ခု ဖြစ်ပွားလာပြီး ကမ္ဘာကြီးမှာလည်း အန္တရာယ်ရှိသည့် ကမ္ဘာပျက်ခေတ်သို့ ရောက်ရှိသွားသည်။ ဇွန်ဘီများပေါ်လာသည်နှင့်အတူ လူသားများ၊ တိရိစ္ဆာန်များနှင့် အပင်များသည်လည်း ပထမဆုံးအကြိမ်အဖြစ် စွမ်းရည်များ နိုးထလာကြသည်။ ဟမ်းစတား