အခုလိုမျိုး လူတစ်ယောက်အပေါ်မှာ ဒီလောက်အထိမက်မောတောင့်တစိတ်တွေဖြစ်မိတာ သူ့အတွက်တော့ ပထမဆုံးအကြိမ်ပဲ။ ခုချက်ချင်း သူ(မ)ကိုသာ သူ့ရင်ခွင်ထဲ ပွေ့ဖက်မထားရဘူးဆိုရင် သူ ရူးသွပ်သွားမိမှာ။နေ့တိုင်းနေ့တိုင်း သူ(မ)ကိုပွေ့ဖက်ပြီး သူ(မ)ရဲ့နှုတ်ခမ်းပါးလေးတွေကို နမ်းရှိုက်နေရတာတောင်မှ သူ(မ)အပေါ်ဖြစ်တည်နေတဲ့ သူ့ရဲ့လောင်ကျွမ်းမတတ်အာသီသပြင်းပြမှုတွေက ဘယ်တော့မှမရောင့်ရဲနိုင်ခဲ့ဘူး။ "လွှတ်။ကျွန်မကိုလွှတ်ပေး။ကျွန်မ ရှင့်ကိုမုန်းတယ်။" "ဘာလို့လဲ။မင်း ကိုယ့်ကိုမုန်းတယ်ဆိုရင်တောင်မှ မင်းကို ကိုယ့်အပိုင်ဖြစ်အောင်လုပ်မှာ။" သူ့ရဲ့အေးစက်စက်မျက်ဝန်းတွေမှာ သူ(မ)ပုံရိပ်တွေနဲ့ပဲ ပြည့်နှက်နေတယ်။ "အဲ့ဒါကြောင့် ထွက်ပြေးဖို့မတွေးဘဲ ကိုယ့်ဘေးမှာပဲ အမြဲတမ်းနေ'နေပေး။ဟုတ်ပြီလား။မင်းဘက်က ကိုယ့်ကိုမုန်းနေရင်တောင်မှ ကိုယ်ကတော့ မင်း
1 part