အနုပညာလောက၌ ကုန်းကျယ်သည် ရုပ်ရည်ချောမောသလို၊သရုပ်ဆောင်လည်းကောင်းသည့် ရှားပါးဆယ်ကျော်သက်မင်းသားတစ်လက်ဖြစ်သည်။ဝမ်ကယ်ဆိုသည်မှာလည်း ဂီတလောက၌ ရာစုနှစ်အတွင်းရှားရှားပါးပါးပေါ်ထွန်းလာသော ရွှေရောင်တေးသံရှင်တစ်ဦးဖြစ်သည်ဟု လူအများကသဘောတူလက်ခံထားသူဖြစ်သည်။ သူတို့သည် လုံးဝမတူကွဲပြားသည့် ဘဝတိုးတက်ရေးလမ်းကြောင်းများကိုယ်စီ ပိုင်ဆိုင်ထားမှန်း အသိသာကြီးပင်။ သို့သော် သူတို့က အချင်းချင်းကြိတ်ပြီးယှဉ်ပြိုင်နေခဲ့ကြသည်။ ကုန်းကျယ်က အကောင်းဆုံးသရုပ်ဆောင်ဆု ဆွတ်ခူးလျှင် ဝမ်ကယ်က နံပါတ် (၁) အွန်လိုင်းအယ်လ်ဘမ်ရောင်းအားအကောင်းဆုံးဆုကို ရရှိခဲ့သည်။ ဝမ်ကယ်က ရုပ်ရှင်တစ်ခုတွင် ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်၍ ပရိသတ်များကိုအံ့အားသင့်စေလျှင် ကုန်းကျယ်က ပထမဆုံးအကြိမ်အဖြစ် ဂီတလမ်းကြောင်းပေါ် ခြေချကာ ရုပ်ရ
92 parts