ကိုယ်က ချစ်မိသွားတယ်ဆိုတာ ရှားပါတယ် တော်ရုံဘယ်အရာကိုမှ မစွဲလန်းတတ် အလေးအနက်မထားတတ်တဲ့ လူတစ်ယောက်ပေါ့ကွယ် အင်း...ကြောင်လေးနဲ့တူတဲ့ မင်းကိုတော့ မင်းကိုတော့ဖြင့်....... ရောင်နီသွေး ----------------------- မာမီကပြောတယ် နင်ကကြောင်လိုကောင်တဲ့ အချစ်သာ ခံချင်တာ အယုယသာခံချင်တာ စိတ်မထင်ရင် ထထကုတ်တတ်တဲ့ ကြောင်လိုကောင် အချစ်သာခံချင်တာ ကိုယ့်ကိုလာချစ်ပြနေရင်မွန်းကြပ်ပြီး မနေတတ်တော့သလို ကိုယ်ကလဲ ပြန်ချစ်မပြတတ်တဲ့ ကြောင်လိုကောင်ပေါ့..... ခွန်မိုင်းဆက်