ဝူတိုင်းပြည်၏မင်းသား ၄ လျိုဟောက်ယွီတစ်ယောက် ဝေ့ပြည်အား တိုက်ခိုက်သိမ်းယူနေချိန်၌ ဝူတိုင်းပြည်တွင် အာဏာလုပွဲဖြစ်ပွားခဲ့လေသည်။ မင်းသား၂ မှာ ခမည်းတော်မင်းကြီးနတ်ရွာစံ သည်နှင့် အိမ်ရှေ့စံအားလုပ်ကြံကာ ထီးနန်းရရယူခဲ့လေသည်။ မင်းသား၂မှာ ဤမျှနှင့်မကသေး ညီတော်တွေဖြစ်ကြသော မင်းသား၃ နှင့် မင်းသား၅တို့ကိုပါ အပျောက်ရှင်းရန်ကြိုးစားလေတော့သည်။ ထို့ကြောင့် လျိုဟောက်ယွီမှာ သူ၏စစ်တပ်နှင့်အတူ ဝူတိုင်းပြည်ရှိပုန်ကန်သူအစ်ကိုတော်အား နန်းချနှိမ်နှင်း၍ တစ်အူတုံ့ဆင်းညီအကိုဖြစ်သော မင်းသား၃ လျိုဟောက်ထျန်းအား နန်းတင်ခဲ့လေသည်။
23 parts