" မင်းက ကလေးလေးပဲ ဂျွန်....။ မင်းပြောတဲ့ ကံကြမ္မာကို ကိုယ်မယုံဘူး...။ ယုံတမ်းပုံပြင်တွေကိုလဲ ကိုယ်မကြိုက်ဘူး...။ ကိုယ်က ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပဲရေးတယ်....။ ပြီးတော့ မင်းရှာနေတဲ့သူ အခုမင်းပြောနေတဲ့သူကလဲ ကိုယ်ဖြစ်ချင်မှဖြစ်မှာပါ...." Park Jimin " မောင် မင်းကို နှစ်တွေအများကြီးစောင့်နေခဲ့တာ...။ ပထမဆုံးနှင်းကျတဲ့အချိန်မှာ ပြန်လာခဲ့မယ်လို့ပြောသွားတဲ့စကားကို အခုထိ မောင့်နားထဲမှာ ပြတ်ပြတ်သားသားကြားနေရတုန်းပဲ...။ မင်းကိုယ်တိုင် မောင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တုန်းက မောင်ဘယ်လောက်ပျော်ခဲ့ရတယ်လို့ မင်းထင်သလဲ...။ အရင်တုန်းကရော အခုရော မင်းထင်ထားတာထက်ကို မောင်အများကြီးပိုချစ်ခဲ့တာ...." Jeon Jungkook