မင်လျိုရီ သည် သူမဖတ်ဖူးသော ဝတ္တုတစ်ပုဒ်ထဲသို့ကူးပြောင်းသွားသည်။ အဆိုးဆုံးမှာ လူတိုင်း၏ရန်သူဖြစ်သော သူမနှင့်အမည်တူသည် ခန္ဓာကိုယ်ထဲသို့ကူးပြောင်းသွားခြင်းပင်။ မူလ မင်လျိုရီ သည် ဒုက္ခိတဖြစ်နေသည့် အဓိကဇာတ်လိုက် ယောင်ကျိကျိုး ကို အတင်းအကျပ်လက်ထပ်ခဲ့ပြီး အိပ်ယာပေါ်တွင်မေ့မျောနေသောသုံးစားမရသည့် ခြေအနေသို့ရောက်အောင် ပြုလုပ်ခဲ့လေသည်။ ယောင်ကျိကျိုး သတိပြန်ရပြီး သူမအားလက်စားပြန်ချေရန် အချိန် ၃ လခန့်လိုသေးသည်ကို သတိထားမိလိုက်သည်။ သို့သော် အကြောင်းတစ်ချို့က သူမအားဆွဲဆောင်သွားခဲ့သည်။ သူမ သူ့အားထိတွေလိုက်ချိန်တွင် သူမ၏ ဝိညဉ်စွမ်းအားများစတင်လည်ပတ်လာသည်ကို သတိထားမိလိုက်သည်။ ယောင်ကျိကျိုး သတိမေ့နေစဉ်အချိန်တွင်း အသိရှိနေမည်ဟု မည်သူမျှမတွေးမိခဲ့ပေ။ သူ၏ ငရဲမှလာသောဇနီးသည် ချိုမြိန်ပြီးချစ်စရာကောင်းသော မ