"လမင်း ကြီးကို မြင်တယ်လေ ဟယ်.." "လမင်းကြီးက မလှဘူးလား .." "လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .." "အေး .. နင် နဲ့တူတယ် .." မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွေ စိမ့်၀င်သွားပုံရသည်။ ဆောင်းလေကလေး ဖြတ်တိုက်၍ လွင့်ခါသွားသော ဆံစကလေးတွေကိုသူမနားကြားကလေးထဲ ညှပ်ပြီ "မြကျော် ..နင်လျှောက်မပြောနဲ့ ၊ ငါက မြေကြီးပေါ်မှာ လမင်းကြီးက ကောင်းကင်ပေါ်မှာ တူမှမတူပဲ .." "အေးလေ လမင်းကြီးက လမင်းကြီး နင်က နင်ပါပဲ။ သို့ပင်မယ့် ငါ့အတွက်တော့ နင်က လမင်းကြီးလိုပဲ။ နင့်ကို မြင်ရင် ငါ့စိတ်တွေ အေးချမ်းတယ်။ နင့်ကိုမြင်ရင် ငါ အားရှိတယ် ။ နင့်ကို မြင်ရင် ငါ ပျော်တယ် ။ အဲ့တာ နင် သိလား .." "နင် ပြောမှ ငါသိမယ်ပေါ့ အလိုလိုတော့ ဘယ်သိမလဲ.." " အေးလေ အခု ငါ ပြောပြလို့ နင်သိသွားပ