သူမတွင် နာမည်မရှိပေ။ သူမသည် လုပ်ကြံရေးအဖွဲ့အစည်းမှ ငယ်စဉ်က လူသစ်စုဆောင်းခံရသည့် လုပ်ကြံရေးသမား နံပါတ် (၄၃)ဖြစ်သည်။ တစ်နေ့၌ အဖွဲ့အစည်းခေါင်းဆောင်မှ သူမအား မစ်ရှင်တစ်ခု ပေးအပ်လာသည်။ သူမ၏ အတွင်းအားများ ချိတ်ပိတ်ခံရကာ အဖွဲ့အစည်းအား သစ္စာဖောက်ခြင်းမှ ကာကွယ်ရန် အဆိပ်သောက်ခဲ့ရပြီး တန်ဖိုးရှိသည့် သတင်းအချက်အလက်ပေးနိုင်မှသာလျှင် တစ်လတစ်ခါ ဖြေဆေးရရှိမည်ဖြစ်သည်။ သူမနာမည်သည် မိန်းလင်ဖြစ်ပြီး တယန်သို့ လက်ထပ်ရန်လာရောက်သည့် ကျစ်ခူးမင်းသမီး၏ ခန်း၀င်အစေခံဖြစ်သည်။ မင်္ဂလာညစာစားပွဲတွင် တယန်ဧကရာဇ်က သားတော်များဖြစ်သည့် မုရုံကျင်းဟယ်နှင့် မုရုံရွှမ်လဲ့တို့အား ကျစ်ခူးမင်းသမီး ခေါ်ဆောင်လာသည့် အစေခံများထဲမှ ကိုယ်လုပ်တော်ရွေးချယ်ရန် ပြောသဖြင့် နောက်ဆုံးတွင် မုရုံကျင်းဟယ်သည် မိန်းလင်နှင့် အခြားအစေခံတစ်ယောက်ကိ