Original Author- 도해늘 Translator - ZEIN_Grain ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် HN ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ S အဆင့် အမဲလိုက်သူ ဆျာဟျွန်းသည် ဂျောင်ရီဆွန်းဆီလာတွေ့လေသည်။ " ကျွန်တော် ခင်ဗျားကို လာကမ်းလှမ်းတာပါ မစ္စတာဂျောင်" " သောက်ကျိုးနည်း ချဥ်းကပ်ပုံကြီးကလဲ" " တကယ့်အကျိုးနည်းတာက ဘာမှန်းခင်ဗျားမသိပါဘူး ဒါပေမဲ့လည်း ....." ဆာဟျွန်းသည် သူ့အား ပန်းချီကားတစ်ချပ်ကဲ့သို့ အကြည့်နှင့် ခပ်ဟဟရယ်လေသည်။ "ကျွန်တော်တို့ သဘောတူစာချုပ်လေးချုပ်ကြမလား?" " ဘာစာချုပ်မှ စိတ်မဝင်စားတာမလို့ နောက်ကလိုက်နေတာ တော်တော့ မဟုတ်ရင်..." "ကျွန်တော် ခင်ဗျားအတွက် သူတို့ကို ဂရုစိုက်ပေးမယ်လေ" "ဘာ?" ရယ်မြူးဟန်အပြည့်နှင့် သူ့ကိုစိုက်ကြည့်နေခဲ့သည်။ ပြုံးနေသည်မှာ အသေအချာကြီးဆိုသော်ငြား ရေခဲတမျှအေးစက်စက်အကြည့်များက ရီဆွန်း၏ကျောရိုးထဲအထိ တဆတ်ဆတ်တုန်စေသည်။ဆာဟျွန်းသည်